NHK

လွယ်ကူသော ဂျပန်စကား စကားပြော သင်ခန်းစာများ | NH

Japón

ဂျပန်က တက္ကသိုလ် တစ်ခုမှာ ပညာလာသင်နေတဲ့ နိုင်ငံခြားက ကျောင်းသူ တမ်ရဲ့ ဇာတ်လမ်းကို နားဆင်ရင်း အသုံးကျတဲ့ အသုံးအနှုန်းတွေကို လေ့လာ၊ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို ရယူကြပါ။ ဂျပန်ရဲ့ အများပြည်သူဆိုင်ရာ အသံလွှင့်ဌာန NHK ကနေ ဂျပန်ဘာသာပို့ချမှုကို podcast ကနေ အခမဲ့ မျှဝေနေပါတယ်။ nhk.jp/lesson

Enlaces relacionados

episodios

  • သင်ခန်းစာ40 အကြောင်းရင်းကို ရှင်းပြနိုင်တယ်

    30 jun 2020, 2:00 · 10 min

    ဟာရူစံဟောက်စ်မှာ တမ်၊ မီးယာနဲ့ ဟာ့ရူစံတို့ အေးအေးလူလူ နေနေတုန်း၊ ရုတ်တရက် ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်

  • သင်ခန်းစာ39 တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြနိုင်တယ်

    23 jun 2020, 2:00 · 10 min

    တမ်တစ်ယောက် ပြဿနာတက်နေပါတယ်။ ဟာရူစံဟောက်စ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ ဟာ့ရူစံကို အကူအညီတောင်းလိုက်ပါတယ်။

  • သင်ခန်းစာ38 အရာ ၂ ခုကို နှိုင်းယှဉ်ပြီး ပြောနိုင်တယ်

    16 jun 2020, 2:00 · 10 min

    တမ်နဲ့ အာ့ယာ့ကာတို့ဟာ ဟာကိုနဲက အာရှီနိုကို ရေကန်မှာ အပျော်စီးသင်္ဘောစီးနေကြပါတယ်။

  • သင်ခန်းစာ37 တစ်ခုခု အဆင်မပြေတာကို ပြောပြနိုင်တယ်

    9 jun 2020, 2:00 · 10 min

    ဟာကိုနဲက ရေပူစမ်းတည်းခိုခန်းမှာ တည်းနေကြတဲ့ တမ်နဲ့ အာ့ယာ့ကာတို့ အခန်းထဲမှာ ပြဿနာတစ်ခုခု ရှိနေတဲ့ပုံပါပဲ။

  • သင်ခန်းစာ36 အချိန်ကို မေးမြန်းနိုင်တယ်

    2 jun 2020, 2:00 · 10 min

    တမ်နဲ့ အာ့ယာ့ကာတို့ဟာ ဟာကိုနဲက ရေပူစမ်းပါတဲ့ တည်းခိုခန်းကို ရောက်နေကြပါတယ်။ တည်းခိုခန်းဝန်ထမ်းက အခန်းအထိ လိုက်လံပြသပေးနေပါတယ်။

  • သင်ခန်းစာ35 လုပ်ခဲ့တဲ့အရာတွေ၊ လုပ်မယ့်အရာတွေကို အစဉ်လိုက် ပြောနိုင်တယ်

    26 may 2020, 2:00 · 10 min

    တမ်နဲ့ အာ့ယာ့ကာတို့ ဟာ တိုကျိုအနီးက နာမည်ကျော် လည်ပတ်စရာနေရာဖြစ်တဲ့ ဟာကိုနဲကို ရထားနဲ့ သွားနေကြပါတယ်။

  • သင်ခန်းစာ34 ကိုယ်လုပ်ဖူးတဲ့အကြောင်း ပြောပြနိုင်တယ်

    19 may 2020, 2:00 · 10 min

    တမ်ဟာ မိုက်ခ်နဲ့အတူ မန်ဂါကဖေးကို ရောက်နေပါတယ်။ အဲဒီမှာ မန်ဂါရုပ်ပြကာတွန်းနဲ့ မဂ္ဂဇင်းတွေ အများကြီး ထားထားပါတယ်။

  • သင်ခန်းစာ33 အချိန်ဘယ်လောက်လိုမလဲ မေးမြန်းနိုင်တယ်

    12 may 2020, 2:00 · 10 min

    ကိုက်တိုနဲ့ မိုက်ခ်တို့ နင်ဂျာပြတိုက်ကို ချောချောမောမော ရောက်လာကြပါပြီ။ နှစ်ယောက်သား ရှုရိကဲန်း လက်နက်ကို ကိုယ်တိုင်ပစ်ကြည့်ခဲ့ကြပါတယ်။

  • သင်ခန်းစာ32 သွားပုံသွားနည်းကို မေးနိုင်တယ်

    5 may 2020, 2:00 · 10 min

    မိုက်ခ်နဲ့ ကိုက်တိုတို့ မိအဲခရိုင်က နင်ဂျာပြတိုက်ကို သွားမလို့လုပ်နေကြပါတယ်။ မိုက်ခ်က နင်ဂျာ ဝတ်စုံ လဲဝတ်လိုက်ပါတယ်။

  • သင်ခန်းစာ31 တစ်ဖက်လူကို တစ်ခုခု အတူလုပ်ဖို့ အဖော်စပ်နိုင်တယ် (၂)

    28 abr 2020, 2:00 · 10 min

    ဂျပန့်ယဉ်ကျေးမှုကို နှစ်သက်မြတ်နိုးတဲ့ အမေရိကန်လူမျိုး မိုက်ခ်ဟာ "ဟာ့ရူစံဟောက်စ်" ကို ရောက်လာခဲ့ပါတယ်။ ခရီးသွားဖို့အတွက် တိုင်ပင်ဆွေးနွေးဖို့ လာတာ ဖြစ်ပါတယ်။

  • သင်ခန်းစာ30 အတိတ်က ပြုလုပ်ခဲ့တဲ့ အရာ၊ အနာဂတ်မှာ ပြုလုပ်မယ့် အရာ အမျိုးမျိုးကို ပြောနိုင်တယ်

    21 abr 2020, 2:00 · 10 min

    မီးယာနဲ့ ကော်ဖီဆိုင်ထဲဝင်လာတဲ့ တမ်ဟာ ဂီတတက္ကသိုလ်ကျောင်းသား ယူးကိနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အကြောင်းတွေ ပြောနေပါတယ်။

  • သင်ခန်းစာ29 ဘာလုပ်ခဲ့သလဲဆိုတာ ပြောနိုင်တယ်

    14 abr 2020, 2:00 · 10 min

    ကာမာကူရာမှာ စန္ဒရား ဖျော်ဖြေပွဲ သွားနားထောင်ခဲ့တဲ့ မီးယာဟာ အဲဒီမှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို တမ်ကို ပြပါတယ်။ ဓာတ်ပုံတွေကြည့်ပြီး တမ်က အံ့သြသွားပါတယ်။

  • သင်ခန်းစာ28 ခွင့်ပြုချက်တောင်းနိုင်တယ်

    7 abr 2020, 2:00 · 10 min

    မီးယာဟာ ကာမာကူရာကို ရောက်နေပါတယ်။ ဘုရားကျောင်းမှာ စန္ဒရား ဂီတဖျော်ဖြေပွဲ ကျင်းပနေပါတယ်။

  • သင်ခန်းစာ27 ဘယ်ဟာ ရွေးရင်ကောင်းမလဲ မေးနိုင်တယ်

    31 mar 2020, 2:00 · 10 min

    ကိုက်တိုဟာ တမ်ကို ရာမဲန်ခေါက်ဆွဲပြုတ်ဆိုင်ကို ခေါ်လာပါတယ်။ တမ်ဟာ အရင်က ဗီယက်နမ်မှာ တွေ့ခဲ့ဖူးတဲ့ ဂီတတက္ကသိုလ်ကျောင်းသား ယူးကိ ကို သတိရသွားပါတယ်။

  • သင်ခန်းစာ26 ရောထွေးပေါင်းစပ်နေတဲ့ ခံစားချက်ကို ပြောပြနိုင်တယ် (၁)

    24 mar 2020, 2:00 · 10 min

    တမ်နဲ့၊ ဟာရူစံဟောက်စ်မှာ အတူနေကြသူတွေဟာ ချယ်ရီပန်းကြည့်ဖို့အတွက် ပန်းခြံကို လာခဲ့ကြပါတယ်။

  • သင်ခန်းစာ25 ကိုယ်နေမကောင်းတဲ့ အကြောင်းကို ပြောပြနိုင်တယ်

    17 mar 2020, 2:00 · 10 min

    ဒီနေ့ တမ်ဟာ တစ်ခုခု နေမကောင်းဖြစ်နေတဲ့ ပုံပါပဲ။ ပုံမှန်မဟုတ်တာကို ဟာ့ရူစံရဲ့ အာရုံခံကိရိယာက ထောက်လှမ်းသိလိုက်ပါတယ်။

  • သင်ခန်းစာ24 ကိုယ်မကြိုက်တဲ့အရာ၊ မစားနိုင်တဲ့အရာကို ပြောပြနိုင်တယ်

    10 mar 2020, 2:00 · 10 min

    ဟာရူစံဟောက်စ်မှာ ဒီနေ့ ကိုက်တိုက အားလုံးအတွက် မနက်စာ ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။ ဂျပန့်ရိုးရာ မနက်စာ ဖြစ်ပုံပါပဲ။

  • သင်ခန်းစာ23 ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ပြောနိုင်တယ်

    3 mar 2020, 2:00 · 10 min

    ဒီနေ့ တမ်ဟာ အာ့ယာ့ကာ နဲ့ မိုက်ခ်တို့နဲ့အတူ ကြောင်လေးတွေနဲ့ ဆော့ကစားလို့ရတဲ့ ကြောင်ကဖေး ကို ရောက်နေပါတယ်။

  • သင်ခန်းစာ22 တစ်ဖက်လူကို တစ်ခုခု အတူလုပ်ဖို့ အဖော်စပ်နိုင်တယ် (၁)

    25 feb 2020, 2:00 · 10 min

    တမ်၊ မီးယာနဲ့ ကိုက်တိုတို့ သုံးယောက်ဟာ စပ်ပိုရိုက နှင်းပွဲတော်ကို ရောက်နေပါတယ်။ သူတို့အရှေ့မှာ နှင်းရုပ်တု အကြီးကြီး ရှိနေပါတယ်။

  • သင်ခန်းစာ21 ကိုယ်ရှိတဲ့ နေရာကို ပြောပြနိုင်တယ်

    18 feb 2020, 2:00 · 10 min

    ဟော့ကိုင်းဒိုးကို အလည်ခရီးထွက်လာခဲ့တဲ့ တမ်နဲ့ မီးယာဟာ ကိုက်တိုနဲ့ စပ်ပိုရိုက နာရီစင်မှာ ဆုံဖို့ အချိန်းအချက် လုပ်နေကြပါတယ်။

  • သင်ခန်းစာ20 အစားအသောက်၊ ဟင်းပွဲတွေမှာ မထည့်စေချင်တဲ့အရာကို ပြောပြနိုင်တယ်

    11 feb 2020, 2:00 · 10 min

    တမ်ဟာ မီးယာနဲ့အတူ ဟော့ကိုင်းဒိုးက စပ်ပိုရိုကို ရောက်နေပါတယ်။ လတ်ဆတ်တဲ့ ပင်လယ်စာ စားကြမယ်ဆိုပြီး စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်လာကြပါတယ်။

  • သင်ခန်းစာ19 ကိုယ်ဝယ်ချင်တဲ့အရာကို ပြောပြနိုင်တယ်

    4 feb 2020, 2:00 · 10 min

    မီးယာ၊ ကိုက်တိုတို့နဲ့ အတူ ဟော့ကိုင်းဒိုးကို ခရီးထွက်ဖို့ စီစဉ်နေတဲ့ တမ် တစ်ယောက်၊ ခရီးထွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ လက်အိတ်ဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

  • သင်ခန်းစာ18 တွေ့ကြုံခဲ့ရတာတွေအပေါ် ခံစားချက်ကို ပြောပြနိုင်တယ်

    28 ene 2020, 2:00 · 10 min

    မီးယာဟာ "ဟာရူစံဟောက်စ်" ရဲ့ ဧည့်ခန်းထဲမှာ အိမ်ရှင်ဖြစ်တဲ့ စက်ရုပ် ဟာ့ရူစံ၊ တမ်တို့ကို နာဂါနိုကို သွားခဲ့တဲ့ ခရီးအကြောင်း ပြောပြနေပါတယ်။

  • သင်ခန်းစာ17 လောလောဆယ် လုပ်နေတဲ့ အကြောင်းကို ပြောပြနိုင်တယ်

    21 ene 2020, 2:00 · 10 min

    မီးယာဟာ ဓာတ်ပုံရိုက်ဖို့အတွက် နာဂါနိုခရိုင်မှာ ရောက်နေပါတယ်။ အဲဒီမှာ ဂျပန်လူမျိုး ဇနီးမောင်နှံ နှစ်ဦးနဲ့ မိတ်ဆွေတွေဖြစ်ပြီး စိုဘခေါက်ဆွဲဆိုင်ကို အတူ သွားကြပါတယ်။

  • သင်ခန်းစာ16 ကိုယ့်အမြင်ကို ပြောပြတာ၊ ရှင်းပြတာတွေ လုပ်နိုင်တယ် (၂)

    14 ene 2020, 2:00 · 10 min

    မီးယာဟာ နာဂါနိုခရိုင်မှာရှိတဲ့ မျောက်တွေစိမ်တယ်ဆိုပြီး နာမည်ကျော်တဲ့ ရေပူစမ်းကို ရောက်နေပါတယ်။ အဲဒီမှာ ဂျပန်လူမျိုး ဇနီးမောင်နှံက သူ့ကို စကားစမြည် ပြောလာပါတယ်။

  • သင်ခန်းစာ15 တက္ကစီဒရိုင်ဘာကို သွားမယ့်နေရာကို ပြောနိုင်တယ်

    7 ene 2020, 2:00 · 10 min

    တရုတ်နိုင်ငံကလာတဲ့ ဓာတ်ပုံဆရာမ မီးယာ ဟာ ရေပူစမ်းတွေကို ဓာတ်ပုံရိုက်ဖို့ နာဂါနိုခရိုင်ကို ရောက်နေပါတယ်။ ဂျီဂိုကူဒါနီ ယာအဲန်း ကိုးအဲန်း လို့ ခေါ်တဲ့ ပန်းခြံကို တက္ကစီနဲ့ သွားမလို့ လုပ်နေပါတယ်။

  • သင်ခန်းစာ14 ကိုယ်ရဲ့ ဆန္ဒကို ပြောနိုင်တယ်

    31 dic 2019, 2:00 · 10 min

    တမ်ဟာ ဂျပန်ကိုမလာခင်က ဗီယက်နမ်ကကျောင်းမှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့ပါတယ်။ တစ်နေ့မှာ ဂျပန်က ယူးကိ ရောက်လာပြီး ကလေးတွေကို စန္ဒရားတီးပြခဲ့ပါတယ်။

  • သင်ခန်းစာ13 ကိုယ်လုပ်ချင်တဲ့အရာကို ပြောနိုင်တယ်

    24 dic 2019, 2:00 · 10 min

    တမ်ဟာ သူနေတဲ့ "ဟာရူစံ ဟောက်စ်" ရဲ့ ဧည့်ခန်းထဲမှာ အိမ်ရှင် စက်ရုပ် ဟာ့ရူစံ၊ တရုတ်နိုင်ငံက လာတဲ့ ဓာတ်ပုံဆရာမ မီးယာ တို့နဲ့ စကားပြောနေပါတယ်။

  • သင်ခန်းစာ12 ကိုယ့်အမြင်ကို ပြောပြတာ၊ ရှင်းပြတာတွေ လုပ်နိုင်တယ် (၁)

    17 dic 2019, 2:00 · 10 min

    တမ်နဲ့ တရုတ်နိုင်ငံကလာတဲ့ ဓာတ်ပုံဆရာမ မီးယာတို့ တိုကျို၊ အာစာကူစာ က စဲန်းစိုးဂျိ ဘုရားကျောင်းကို ရောက်နေကြပါတယ်။ အခု သူတို့နှစ်ယောက် အဆောင်ပစ္စည်းတွေ ရောင်းတဲ့ နေရာမှာပါ။

  • သင်ခန်းစာ11 ကိုယ်လိုချင်တဲ့ပစ္စည်း ရှိ၊ မရှိ မေးနိုင်တယ်

    10 dic 2019, 2:00 · 10 min

    တမ်ဟာ တရုတ်နိုင်ငံက ဓာတ်ပုံဆရာမ မီးယာနဲ့အတူ တိုကျို၊ အာစာကူစာကို ရောက်နေပါတယ်။ နှစ်ယောက်သား "နာ့ကာမိစဲဒိုးရီ" လမ်းမှာ ရှိတဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေကို လျှောက်ကြည့်နေကြပါတယ်။

  • သင်ခန်းစာ10 ပစ္စည်းစျေးနှုန်းကို မေးနိုင်တယ်

    3 dic 2019, 2:00 · 10 min

    တမ်ဟာ သူငယ်ချင်း အာ့ယာ့ကာနဲ့အတူ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို ရောက်လာပါတယ်။ ဆံပင်အခြောက်ခံစက် ဝယ်ချင်လို့ပါ။

  • သင်ခန်းစာ9 ကိုယ်မသိတဲ့ အရာဝတ္ထု၊ ပစ္စည်းတွေရဲ့ နာမည်ကို မေးနိုင်တယ်

    26 nov 2019, 2:00 · 10 min

    ဗီယက်နမ်ကလာတဲ့ တမ်ဟာ တစ်အိမ်တည်းနေတဲ့ ကိုက်တို၊ ကိုက်တိုရဲ့သူငယ်ချင်း အမေရိကားကလာတဲ့ မိုက်ခ်တို့နဲ့အတူ ကုန်တိုက်ရဲ့ မြေအောက်ထပ် စားသောက်ကုန်တွေရောင်းတဲ့ နေရာကို ရောက်နေပါတယ်။ ဒီနေရာကို "depa-chika" လို့ အလွယ်ခေါ်ပါတယ်။

  • သင်ခန်းစာ8 သူငယ်ချင်းစသူတွေကို မိတ်ဆက်ပေးနိုင်တယ်

    19 nov 2019, 2:00 · 10 min

    တမ်ဟာ သူငယ်ချင်းဖြစ်တဲ့ အာ့ယာ့ကာနဲ့အတူ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက အမြင့်ကနေ ရှုခင်းကြည့်တဲ့အခန်းကို ရောက်လာခဲ့ပါတယ်။ ၂ယောက်သား ဒီနေရာမှာ "ဟာရူစံဟောက်စ်" မှာနေသူ မီးယာနဲ့ ချိန်းထားပါတယ်။

  • သင်ခန်းစာ7 တစ်ဖက်လူကို စကား ဖြည်းဖြည်းပြောဖို့ တောင်းဆိုနိုင်တယ်

    12 nov 2019, 2:00 · 10 min

    တမ်ဟာ တက္ကသိုလ်က ကဲန်တင်းမှာ နေ့လယ်စာ စားနေပါတယ်။ ဂျပန်လူမျိုး ကျောင်းသူတစ်ယောက် ရောက်လာပြီး တမ်ကို စကားလှမ်းပြောလိုက်ပါတယ်။

  • သင်ခန်းစာ6 ရထား၊ ဘတ်စကားတွေ သွားတဲ့ နေရာကို မေးမြန်းနိုင်တယ်

    5 nov 2019, 2:00 · 10 min

    ဒီနေ့ဟာ တမ် တက္ကသိုလ်ကို ပထမဆုံး သွားမယ့်နေ့ ဖြစ်ပါတယ်။ ဘူတာကို ရောက်နေပေမဲ့လည်း သူစီးမယ့် ရထားဟာ မှန်လား၊ မှားလား မသိဘူး ဖြစ်နေပါတယ်။

  • သင်ခန်းစာ5 ဂျပန်စာ ဘယ်လိုသင်ယူခဲ့သလဲဆိုတာ ပြောပြနိုင်တယ်

    29 oct 2019, 2:00 · 10 min

    တက္ကသိုလ်တက်မယ့် ပထမဆုံးနေ့။ စိတ်လှုပ်ရှားနေတဲ့ ဗီယက်နမ်က ကျောင်းသူ တမ်ကို စက်ရုပ် အိမ်ရှင် ဟာ့ရူစံက စကားလှမ်းပြောပါတယ်။

  • သင်ခန်းစာ4 ကိုယ် ပြုလုပ်မယ့်အကြောင်းအရာကို ပြောပြနိုင်တယ်

    22 oct 2019, 2:00 · 10 min

    တမ်ဟာ သူနဲ့ ရင်းနှီးလာပြီဖြစ်တဲ့ တရုတ်နိုင်ငံကလာတဲ့ ဓာတ်ပုံဆရာမ မီးယာနဲ့ မီးယာရဲ့ အခန်းထဲမှာ စကားပြောနေပါတယ်။ အခန်းနံရံမှာ မီးယာရိုက်ထားတဲ့ ဂျပန်နိုင်ငံအနှံ့က ဓာတ်ပုံတွေ ကပ်ထားပါတယ်။

  • သင်ခန်းစာ3 ဘယ်အရပ်ဒေသ၊ ဘယ်ဇာတိကပါ ဆိုတာ ပြောနိုင်တယ်

    15 oct 2019, 2:00 · 10 min

    ဗီယက်နမ်က လာတဲ့ တမ်အတွက် ကြိုဆိုတဲ့ပွဲ ကို သူတို့စုပြီး ငှားနေတဲ့ အိမ်မှာ ကျင်းပနေပါတယ်။ ကိုက်တိုက စားပွဲနဲ့အပြည့် ဟင်းပွဲတွေ ပြင်ဆင်ထားပါတယ်။

  • သင်ခန်းစာ2 နာမည်နဲ့ အလုပ်အကိုင်ကိုပြောပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နိုင်တယ်

    8 oct 2019, 2:00 · 10 min

    "ဟာရူစံဟောက်စ်" ကို ရှာနေခဲ့တဲ့ ဗီယက်နမ်ကလာတဲ့ ကျောင်းသူ တမ်ဟာ မမျှော်လင့်ဘဲ အဲဒီအိမ်မှာ နေသူတွေနဲ့ဆုံခဲ့ရပြီး သူတို့က လမ်းပြပေးခဲ့ကြပါတယ်။

  • သင်ခန်းစာ1 နေရာကို မေးမြန်းနိုင်တယ်

    1 oct 2019, 2:00 · 10 min

    ဗီယက်နမ် နိုင်ငံကလာတဲ့ ကျောင်းသူ တမ် ဟာ တိုကျိုမှာ သူနေမယ့်၊ အခြားသူတွေနဲ့အတူတူ မျှပြီးနေရတဲ့ ဟာရူစံဟောက်စ် ဆိုတဲ့အိမ်ကို ရှာနေပါတယ်။

Micrófonos

Con cuenta puedes dejar de 1 a 5 micrófonos. El público ve la media; tu comentario corto lo ves solo tú.

Aún no hay micrófonos. Sé el primero.

Entrar para dejar micrófonos.